"အမေ၏ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးနေ့" &
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သည်းခံခြင်းနေ့ အထိမ်းအမှတ်ကမ်ပိန်း

ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသော
'အမေ၏ချစ်ခြင်းစကားများ' အတွက်
ထောက်ခံချက်လက်မှတ်

တစ်ကိုယ်ကောင်းဆန်မှု၊ ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ ပြည့်လျှံနေခြင်းကြောင့်
လေးစားမှုနှင့် ထွေးပွေ့မှုတို့ ပျောက်ကွယ်သွားသည့်ခေတ်တွင်
လူသားမျိုးနွယ်သည် ငြိမ်းချမ်းရေးကို ယခင်ကထက် ပိုမိုလိုလားတောင့်တနေပါသည်။

မွေးဖွားခဲ့စဉ် အမေ၏ရင်တွင် ပထမဆုံးအကြိမ် ခံစားခဲ့ရသော နှစ်သိမ့်မှုနှင့် တည်ငြိမ်အေးချမ်းမှုသည် လူသားမျိုးနွယ်အပေါ်  စာနာနားလည်နိုင်သော၊ နိုင်ငံ၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများကို ကျော်ဖြတ်နိုင်သော 'ငြိမ်းချမ်းရေး'၏ အရင်းအမြစ် ဖြစ်ပါသည်။
ပေးဆပ်မှု၊ အစေခံမှု၊ ဂရုစိုက်မှု၊ လေးစားမှု၊ သည်းခံမှုနှင့် ထွေးပွေ့မှုတို့ဖြင့် ပြည့်နှက်နေသော အမေ၏ချစ်ခြင်းမေတ္တာသည် လူသားမျိုးနွယ်ကို ချိတ်ဆက်ပေးကာ စည်းလုံးညီညွတ်စေမည့် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားပါသည်။

ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိ သာသနာပြုအဖွဲ့အစည်းသည် (၂၀၂၄)ခုနှစ်တွင်
နှစ် (၆၀) ပြည့် နှစ်ပတ်လည်နေ့ကို ကျရောက်ပြီး၊  နိုဝင်ဘာလ (၁) ရက်နေ့ကို 'အမေ၏ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးနေ့' အဖြစ် ကြေညာခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလတွင်၊ အသင်းတော်သည် အမေ၏ချစ်ခြင်းမေတ္တာလေ့ကျင့်မှုအားဖြင့် နေ့စဉ်ဘ၀တွင် ပေါင်းသင်းဆက်ဆံရေးနှင့် သဟဇာတဖြစ်မှုကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းတစ်ခု ပြုလုပ်ပါသည်။
ဤကမ်ပိန်းသည် ကုလသမဂ္ဂ၏ 'အပြည်ပြည်ဆိုင်ရာ သည်းခံခြင်းနေ့(နိုဝင်ဘာ ၁၆ ရက်)' နှင့်လည်း ကိုက်ညီပါသည်။

ကမ်ပိန်းစတင်ခြင်းဆိုင်ရာ ခေါင်းစဉ်မှာ "ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသော အမေ၏ချစ်ခြင်းစကားများ" ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အိမ်များ၊ ကျောင်းများ၊ လုပ်ငန်းခွင်များ၊ ရပ်ကွက်များနှင့် လူ့အဖွဲ့အစည်းများတွင် နွေးထွေးသော ဘာသာစကားယဉ်ကျေးမှုနှင့် ငြိမ်းချမ်းသောကမ္ဘာကို ဖန်တီးရန် ရည်မှန်းပါသည်။

သေးငယ်သော လုပ်ဆောင်ချက်များ အတူတကွ ပေါင်းစည်း၍ ကမ္ဘာကြီးကို ပြောင်းလဲရန် စိတ်နှလုံးအကြွင်းမဲ့ ပံ့ပိုးပေးပါ။

ထောက်ခံလက်မှတ်

ကျွန်ုပ်သည် "ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးသော အမေ၏ချစ်ခြင်းစကားများ ကမ်ပိန်း" ကို ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမွန်သော ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပျံ့နှံ့သွားစေရန်နှင့် 'အမေ၏ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးနေ့'ကို တစ်ကမ္ဘာလုံးက အတူတကွ ဆင်နွှဲနိုင်သည့် အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခြင်းကို ထောက်ခံအားပေးပါသည်။

* ၎င်းကို ပြင်ပ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြေညာခြင်း ရည်ရွယ်ချက်များအတွက် အသုံးပြုမည်ဖြစ်ပြီး၊ အခြားမည်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုမည် သို့မဟုတ် ပေါက်ကြားမည်မဟုတ်ပါ။