‘어머니 사랑과 평화의 날’ & UN ‘국제 관용의 날’ 기념 캠페인

ဤလောက၌ မွေးဖွားလာသောအခါတွင် မိခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာကို
ပထမဆုံးအကြိမ် ရရှိခဲ့ပါသည်။
သားသမီးများအတွက် ခြွင်းချက်မရှိ ပံ့ပိုးကူညီမှု၊ ထောက်ထားစာနာမှု၊ အနစ်နာခံမှု၊ သားသမီးများကို အလုပ်အကျွေးပြုခြင်းတို့သည်
နိုင်ငံ၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုအားလုံးကို ဖော်ထုတ်သိရှိနိုင်သည့်
သီလတန်ဖိုးများဖြစ်ပါသည်။

(၂၀၂၄)ခုနှစ်တွင် နှစ် (၆၀) ပြည့် နှစ်ပတ်လည်နေ့ကို ကျရောက်သော
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိ သာသနာပြုအဖွဲ့အစည်းသည်
နိုဝင်ဘာလ (၁) ရက်နေ့ကို 'မိခင်၏ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးနေ့' အဖြစ်
ကြေညာခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလတွင်၊ အသင်းတော်သည် မိခင်၏ချစ်ခြင်းမေတ္တာလေ့ကျင့်မှုအားဖြင့် နေ့စဉ်ဘ၀တွင် ပေါင်းသင်းဆက်ဆံရေးနှင့် သဟဇာတဖြစ်မှုကို မြှင့်တင်ရန် ကမ်ပိန်းတစ်ခု ပြုလုပ်ပါသည်။

ဤကမ်ပိန်းသည် ကုလသမဂ္ဂ၏ 'အပြည်ပြည်ဆိုင်ရာ သည်းခံခြင်းနေ့' နှင့်လည်း
ကိုက်ညီပါသည်။
ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် စစ်ပွဲများ ပြည့်နှက်နေသည့် ခေတ်ကြီးတွင်၊
မိခင်တစ်ဦး၏ မေတ္တာသည် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားပြီး
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည်ဟု
ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

‘မိခင်၏ ချစ်ခြင်းမေတ္တာစကားများ’မှ ဖန်တီးသော ငြိမ်းချမ်းရေးအကြောင်းကို
ဗီဒီယိုဖြင့် ကြည့်ရှုပါ။

1:24
#01 ထမင်းစားချိန်
1:16
#02 ဓာတ်လှေကား
1:29
#03 ရုံး

ဤနှစ်အတွက် ဆောင်ပုဒ်မှာ
ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးသော "မိခင်၏ ချစ်ခြင်းမေတ္တာစကားများ"
ဖြစ်ပါသည်။

ထည့်သွင်းစဉ်းစားခြင်းနှင့် နားလည်မှုပါဝင်သော
“မိခင်၏ ချစ်ခြင်းမေတ္တာစကားများ” မှတစ်ဆင့် သင့်နှလုံးသားနွေးထွေးမှုကို မျှဝေပါ။
မိခင်၏ချစ်ခြင်းမေတ္တာ တို့ထိမိသောနေရာတွင် ငြိမ်သက်ခြင်း တည်ရှိပါသည်။

၀၁။မင်္ဂလာပါ။

ငြိမ်းချမ်းရေးအတွက် ပထမဆုံးစကား

ဓာတ်လှေကားတွင် သင်တွေ့သော အိမ်နီးချင်း၊ စင်္ကြံတွင် ဖြတ်သန်းသွားသော မိတ်ဆွေ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ကာကွယ်ပေးသော ကျေးဇူးတင်ထိုက်သူများ ...
နေ့စဥ် မြင်တွေ့နေရသောသူများ သို့မဟုတ် ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားသူများကို နှုတ်ဆက်လိုက်ပါ။

၀၂။ကျေးဇူးတင်ပါတယ်။ ဒါတွေအားလုံးဟာ သင့်ကျေးဇူးကြောင့်ပါ။ ပင်ပန်းသွားပါပြီ။

သေးငယ်သော အားထုတ်မှုများနှင့် ထည့်သွင်းစဉ်းစားပေးမှုများအတွက်ပင် ကျေးဇူးတင်ကြောင်း ဖော်ပြပါ။

သင့်အတွက် နွေးထွေးသောအစားအစာများ ပြင်ဆင်ပေးသော လက်များနှင့် သင့်ကို လိုရာခရီးသို့
အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးခဲ့သော ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြပါ။
နွေးထွေးသောနှလုံးသားများ လည်ပတ်လာသည်နှင့်အမျှ သင်၏ နေ့စဉ်ဘဝတွင် ပျော်ရွှင်မှုများ ပွင့်လန်းလာပါသည်။

၀၃။တောင်းပန်ပါတယ်။ ငါ့ကြောင့် ခက်ခဲခဲ့တာဖြစ်မယ်။

နှလုံးသားကို အရည်ပျော်စေသောစကားဖြင့် တစ်ဖက်သား၏ခံစားချက်ကို အရင်ဆုံး နားလည်ပေးပါ။

တစ်စုံတစ်ဦးနှင့် ငြိမ်းချမ်းသောဆက်ဆံရေးရှိရန် လိုအပ်ပါသလား။
တခြားသူ၏ရှုထောင့်မှနေ၍ သင့်အပြောအဆိုနှင့် လုပ်ဆောင်မှုများကို သုံးသပ်ကြည့်ပါ။
သင့်အမှားများအတွက် တောင်းပန်ပြီး လက်ကို အရင်ကမ်းလိုက်ပါ။
ငြိမ်းချမ်းရေးသည် နှိမ့်ချသောနှလုံးသားဖြင့် လာပါသည်။

၀၄။ရပါတယ်။ ဖြစ်တတ်ပါတယ်။

မှားခဲ့သည်ရှိသော် ခွင့်လွှတ်ကြောင်း ပြောသည့်စကား။

မည်သူမဆို အမှားလုပ်မိနိုင်ပါသည်။
အဆင်မပြေသော အခြေအနေများတွင် ရှိနေသူများကို ကြင်နာစွာ ထွေးပွေ့ပါ။

၀၅။ကျေးဇူးပြုပြီး သင် အရင်လုပ်ပါ။

စိတ်မရှည်သည့်အခါတွင် အချိန်ယူပြီး အခြားသူများကို ဦးစားပေးပါ။

မြေအောက်ရထားလက်မှတ်ဂိတ်၊ စူပါမားကတ်ရှိ ငွေရှင်းကောင်တာ သို့မဟုတ် ကားမောင်းနေစဉ် ... အလုပ်များသောအခြေအနေများတွင် ဦးစွာ အလျှော့ပေးကြည့်ပါ။
စိတ်ရှည်သည်းခံခြင်းက သင်၏တစ်နေ့တာကို ငြိမ်းချမ်းစေပါသည်။

၀၆။ကျွန်ုပ် သင့်ထင်မြင်ချက်တွေကို ပိုပြီး နားထောင်ချင်ပါတယ်။

ထင်မြင်ချက် မတူသည့်အခါ၊ အခြားသူများ ပြောသည်ကို ပို၍ သေချာနားထောင်ပါ။

ထင်မြင်ယူဆချက်များ ကွဲပြားကာ တစ်ဦးချင်းစီက ၎င်းတို့ကိုယ်တိုင် အခိုင်အမာပြောဆိုသည့် အခြေအနေတွင်၊
ခေတ္တရပ်ပြီး နားထောင်ပါ။
အခြားသူများကို လေးစားမှုနှင့် ထောက်ထားစာနာမှုတို့သည် ထိရောက်သောဆက်သွယ်မှု၏ သော့ချက်ဖြစ်ပါသည်။

၀၇။သင့်အတွက် ကျွန်ုပ် ဆုတောင်း(အား)ပေးမယ်။ အရာအားလုံး အဆင်ပြေသွားမှာပါ။

စိတ်ရင်းမှန်ဖြင့် အားပေးကူညီပါ။

ကျွန်ုပ်ကို အားပေးထောက်ခံသောသူများရှိခြင်းမှာ
မည်သည့်အခြေအနေမျိုးတွင်မဆို ခွန်အားဖြစ်စေပါသည်။ ခက်ခဲသောအခြေအနေတွင် ကြုံနေရသူများကို လှိုက်လှဲစွာ အားပေးစကား ပေးပို့လိုက်ပါရစေ။

ယနေ့တွင် 'မိခင်၏ ချစ်ခြင်းမေတ္တာစကားများ' ဖြင့် ငြိမ်းချမ်းရေးကို ရယူလိုက်ပါ။
ကမ်ပိန်းတွင်ပါဝင်ပါ