ထွေးပွေ့ခြင်းလေးစားခြင်း

မိခင်၏ ချစ်ခြင်းမေတ္တာစကားများက ကျွန်တော်တို့ကို ပျော်ရွှင်စေခဲ့ပါတယ်။

လူတိုင်းမှာ ကိုယ့်အခက်အခဲကိုယ်စီရှိကြပါတယ်။ ဒါကြောင့်အလိုအပ်ဆုံးက နွေထွေးတဲ့မေတ္တာနဲ့ နားလည်ပေးတဲ့စကား၊ ခွန်အားရှိတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ နားလည်မှုပေးတဲ့စကားကိုအပြောခံရရင်ဝမ်းသာလာပြီးစိတ်ထဲနွေးထွေးသွားသလိုခံစားရပါတယ်၊၊ ဒါကြောင့် ဒီကမ်ပိန်ကနေတဆင့် ကျွန်တော်ဟာ စကားပြောတဲ့ခါတဖက်လူရဲ့ အခြေနေကိုနားလည်ပြီးမှ စကားကိုပြောဖို့ကြိုစားခဲ့ပါတယ်၊ အဲဒီထဲကနေမှ ဦးသိန်းဝင်းအကြောင်းကို မျှဝေပေးခြင်ပါတယ်။

ဦးသိန်းဝင်းက အသက် ( ၆၀ ) ကျော်တဲ့ အဖိုးအရွယ်ဖြစ်ပါတယ်။

ဦးသိန်းဝင်းက အများကြီးလုပ်ချင်ပေမယ့် သူ့အသက်အရွယ်ကြောင့် ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ လုပ်ဖို့ခက်ပါတယ်။

ဒါကြောင့် 'မိခင်၏ ချစ်ခြင်းမေတ္တာစကားများ'ကမ်ပိန်းကနေတစ်ဆင့် ကျွန်ုပ်တို့ဟာ မိသားစု၊ အသိမိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေကို နှုတ်ဆက်ခြင်း၊ ကျေးဇူးတင်ခြင်း၊ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း၊ အလျှော့ပေးခြင်း၊ အားပေးခြင်းစတဲ့အရာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါကြောင့် ဦးသိန်းဝင်းက အရမ်းဝမ်းသာခဲ့ပါတယ်။


© ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခြင်း သို့မဟုတ် ပြန်လည်ဖြန့်ဖြူးခြင်းကို တားမြစ်ထားပါသည်။